Published 27/07/2026 John Doe အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ စပါဂျီယွန် ကာလ်ဆင်ဆိုသူဟာ သူ့အသက် ၁၀၅ နှစ် မွေးနေ့မှာ လေယာဥ်ပေါ်ကနေ လေထီးခုန်ချခဲ့ပါတယ်။ ဇူလိုင် ၁၉ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ အဲဒီပွဲကို ဘိုးဘိုးကာလ်ဆင်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေတက်ရောက် အားပေးခဲ့ကြပါတယ်။