One Direction အဖွဲ့ဝင်လီယမ်ပိန်း

One Direction အဖွဲ့ဝင်လီယမ်ပိန်း
Calendar Published 27/07/2026
John Doe John Doe
ပြီးခဲ့သည့်နှစ် ၊ အောက်တိုဘာတွင်ကွယ်လွန်ခဲ့သည့် One Direction အဖွဲ့ဝင်လီယမ်ပိန်းအား အမှတ်တရအောက်မေ့သည့်အနေဖြင့် ၎င်း၏အမာခံပရိသတ်များက ဗျူနိုအဲရီးစ်မြို့ရှိ ဗြိတိန်သင်္ချိုင်းအတွင်းတွင် အမှတ်တရခုံတန်းရှည်တစ်ခုကို မတ် ၁၆ ရက်က ပြုလုပ်လိုက်ကြသည်။လီယမ်သည် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ရှိ CasaSur Palermo ဟိုတယ်၏ သုံးထပ်လသာဆောင်မှ ပြုတ်ကျသေဆုံးခဲ့ပြီး အဖွဲ့ဝင်နိုင်းလ်ဟော်ရန်၏ ရှိုးပွဲကိုအားပေး ရန် အာဂျင်တီးနားသို့ သွားခဲ့ခြင်းဖြစ်သည်။