ကိုယ်တော်တွေရေးတဲ့ဖူးစာ လူငယ်တွေဖူးစာဆုံဖို့ တောင်ကိုရီးယားဘုန်းကြီးတွေဘယ်လိုကူညီနေလဲ

ကိုယ်တော်တွေရေးတဲ့ဖူးစာ လူငယ်တွေဖူးစာဆုံဖို့ တောင်ကိုရီးယားဘုန်းကြီးတွေဘယ်လိုကူညီနေလဲ
Calendar Published 27/07/2026
John Doe John Doe
လိမ္မော်ရောင်သင်္ကန်းခြုံထားတဲ့ဆရာတော်တစ်ပါးက သူ့ရှေ့မှာ ဝဲနဲ့ယာ တစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေတဲ့ လူငယ်အမျိုးသမီးနဲ့ အမျိုးသားတွေကို အခု သူတို့ ကျောင်းတော်ကို အခုလိုရောက်လာတာဟာ နိုင်ငံကိုကယ်တင်ဖို့ဖြစ်တယ်ဆိုပြီး ပြောလိုက်ပါတယ်။ ကြင်ဖော်ကြင်ဖက်တွေ့၊ တနေ့မှာ ရင်သွေးရတနာရတဲ့အထိ ကြိုးစားပြီး နိုင်ငံကို ကယ်တင်မှုကြီး လုပ်ရမှာလို့လည်း ဆရာတော်က မိန့်ပါတယ်။