ပင်တဂွန်စစ်ဌာနချုပ်အတွက် စစ်အသုံးစရိတ်ကို လွှတ်တော်ကနေတဆင့် ထပ်မံအတည်ပြုပေးဖို့ တောင်းဆိုရင်း ကာကွယ်ရေးဝန်ကြီးက လွှတ်တော်အသုံးစရိတ်ကော်မတီမှာ စစ်ပွဲကုန်ကျစရိတ်ကို ထုတ်ပြောသွားတာဖြစ်ပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်အတွက် နောက်ထပ် အသုံးစရိတ် ၈၇ ဘီလျံအထိ ထပ်ပေးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။ အဲဒီထဲက ၆၇ ဘီလျံဟာ အရှေ့အလယ်ပိုင်းက အမေရိကန်စစ်တပ်ရဲ့စစ်ဆင်ရေးတွေအတွက်လို့လည်းဆိုပါတယ်။