အကို ဝမ်က သိပ်ကို အရေးပါတယ်။ သူက နံပါတ် ၁ ပဲ လို့ အန်းရစ်က ဟန်ပါပါ ပြုံးပြီးပြောပါတယ်။

အကို ဝမ်က သိပ်ကို အရေးပါတယ်။ သူက နံပါတ် ၁ ပဲ လို့ အန်းရစ်က ဟန်ပါပါ ပြုံးပြီးပြောပါတယ်။
Calendar Published 27/07/2026
John Doe John Doe
အန်းရစ် က သူ့ နာမည်အရင်း မဟုတ်ပါဘူး။ သူကတော့ သူ့ကိုယ်သူ မက္ကဆီကိုက ဆီနာလိုအာ က ဂိုဏ်းမှာ ထိပ်ပိုင်းက ညှိနှိုင်းရေးတာဝန်ယူထားသူ လို့ ပြောပါတယ်။ဆီနာလိုအာပြည်နယ်ရဲ့မြို့တော် ကူလီအာခန် ဆင်ခြေဖုံးရပ်ကွက်မှာ ရပ်ထားတဲ့ ကားတစ်စီးထဲကနေ သူ စကားပြောနေတာ ဖြစ်ပါတယ်။ သူ့စကားကို ဘယ်သူမှ မကြားနိုင်အောင် အခုလိုနေရာကို ရွေးချယ်တာဖြစ်ပါတယ်။ အသက်သေတဲ့အထိ ပြင်းတဲ့ ဖန်တနဲလ် မူးယစ်ဆေး ထုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေဟာ မိုင်ပေါင်း ထောင်ချီအဝေးမှာရှိတဲ့ တရုတ်စက်ရုံတွေကနေ မက္ကဆီကိုမှာရှိတဲ့ဓာတ်ခွဲခန်းတွေအထိ ရောက်လာပုံကို သူ ရှင်းပြပါတယ်။ ဒီပစ္စည်းတွေရဖို့ ထောက်ပို့ ကွင်းဆက်ကြီးတစ်ခုလုံးဟာ အကိုဝမ်ကြောင့် ပေါ်လာတာလို့ဆိုပြီး သူတို့ ဂိုဏ်းအဖွဲ့ဝင်တွေက ထောပနာပြုဟန် ပြောပြပါတယ်။