ကြက်ဥဈေးတစ်လုံး ၇၀၀ ဖြစ်လာခြင်း

ကြက်ဥဈေးတစ်လုံး ၇၀၀ ဖြစ်လာခြင်း
Calendar Published 27/07/2026
John Doe John Doe
မြန်မာမှာ ကြက်ဥတစ်လုံးကို ငွေကျပ် ၇၀၀ ပေးဝယ်ရတဲ့ခေတ်ကို ရောက်လာပါပြီ။ ၂၀၂၁ စစ်အာဏာမသိမ်းခင် အခြေအနေနဲ့ နှိုင်းယှဥ်ရင် အခု ၆ နှစ်နီးပါးအတွင်းမှာ ၇ ဆ စျေးတက်သွားတာပါ။ အခြေခံစားသောက်ကုန်တစ်မျိုးရဲ့ ဈေးနှုန်း ဒီလိုစျေးခုန်တက်လာတာဟာ ငွေကြေးဖောင်းပွမှုတင်မကပါဘူး။ နေပြည်တော်ခေါင်းဆောင်ဦးမင်းအောင်လှိုင်ရဲ့ အမေရိကန်ဒေါ် လာထိန်းချုပ်တဲ့မူဝါဒ၊ သွင်းကုန်လိုင်စင်တင်းကျပ်ထားတာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ကြပါတယ်။ မြန်မာမှာ ကြက်ဥစျေးနှုန်းမြင့်တက်လာတဲ့အခြေခံအကြောင်းအချက်တွေကို ရှင်းပြထားပါတယ်။